ချောင်းဆုံမြို့နယ်တွင် တန်ဖိုးမြင့် ကသမျှင်ငါး အမ တစ်ကောင် ဖမ်းဆီးရမိ

 မွန်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး/ပုစွန် ထုတ်လုပ်မှုနှုန်းမြင့်မားစေရေးအတွက် ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက်များ ချထားပေးလျက်ရှိရာ  ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်း ရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသူ လုပ်ငန်းရှင်များသို့  တင်ဒါပိုက်ချက် (၂၅) ချက် အား လုပ်ကိုင်ခွင့်ပြုခဲ့သည်။  အဆိုပါ တင်ဒါပိုက်ချက်များမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) အား တင်ဒါဆွဲ ဝယ်ယူရရှိသူ ဦးမြင့်လွင်မှ (၁၁-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ ၄င်း၏ ပိုက်ချက် (၁၂) လုံးတန်း အနက်၊ ပိုက်ချက် (၈) လုံးမြောက်တွင် တန်ဖိုးမြင့် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းဆီးရမိ ခဲ့သည်။   အဆိုပါ ဖမ်းဆီးရမိသော ကသမျှင်ငါးမှာ […]

ပျဉ်းမနားမြို့နယ် စားသောက်ကုန်လုပ်ငန်းရှင်များအား GHP ဆိုင်ရာ ရှင်းလင်းပြောကြားခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၉.၃.၂၀၁၉ ရက်နေ့ နေ့လည်(၁:၀၀) နာရီတွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ဓမ္မာရုံ၌ ပျဉ်းမနားမြို့နယ် စားသောက်ကုန်လုပ်ငန်းရှင်များအစုအဖွဲ့အား ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ ပျဉ်းမနားမြို့နယ် စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး နေပြည်တော်အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး FoSTA မှ CEC အဖွဲ့ဝင် ဒေါ်တင်ဆွေအေးနှင့် ဒေါ်မေသန်းချစ်တို့က လုပ်ငန်းရှင်များအား ကုန်ထုတ်လုပ်မှုဆိုင်ရာ(GHP) ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့သည်။

Industrial Electrical Control Course – IECC (TOT) လျှပ်စစ်မွမ်းမံသင်တန်း

အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပို့ချလျက်ရှိသော လျှပ်စစ်ဆိုင်ရာ သင်တန်းများကိုဖွင့်လှစ်ပို့ချရာတွင် သင်တန်းနည်းပြများ၏ အရည်အသွေးပိုမိုတိုးတက် လာ စေရန်နှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် Industrial Electrical Control Course – IECC (TOT) လျှပ်စစ်မွမ်းမံသင်တန်းကို T4 Link Training Center(Electrical & Electronics)နှင့် ပူးပေါင်း၍ စက်မှုလက်မှုဌာနခွဲ(နေပြည်တော်) တွင် (၃၁.၇.၂၀၁၉)ရက်နေ့မှ (၈.၈.၂၀၁၉)ထိ(၇) ရက်ကြာဖွင့်လှစ်ပို့ချ၍ရုံးချုပ်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ဝန်ထမ်း(၂၀)ဦးအားလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၉:၃၀) နာရီတွင် ရုံးအမှတ် (၃၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးလုပ်ငန်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ငါးသယံဇာတရေရှည်တည်တံ့တိုးပွားရေး အသိပညာပေးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ငါးသယံဇာတရေရှည်တည်တံ့တိုးပွားရေး အသိပညာပေးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရေဆင်းဆည်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများတိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေး၊ ဒေသခံပြည်သူများ ငါးစားသုံးမှုပိုမိုတိုးတက်လာစေရေးနဲ့ ငါးထုတ်လုပ်မှုတိုးတက်လာစေရေးရည်ရွယ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်၊ မြစ်ချောင်းအင်းအိုင်၊ ဆည်ရေလှောင်တမံ၊ စပါးခင်းများသို့ ငါးမျိုးစိုက်ထည့်ပေးနိုင်ခံမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ […]

ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်၊ GAqP စနစ်နှင့်အညီ၊ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၏ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်၊ GAqP စနစ်နှင့်အညီ၊ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်း အဝေးအား၊ယနေ့ နံနက်(၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆)တွင်ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားသည်။  ပြည်ထောင်စုဝန်ကြီးက၊ ငါးလုပ်ငန်းကဏ္ဍဟာ နိုင်ငံတော်စီးပွားရေးမှာပင်မကဏ္ဍကြီးတစ်ခု အဖြစ်ရပ်တည်နေပြီဖြစ်သည့် အားလျော်စွာ ၊ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဉပဒေနှင့်အညီဆောင်ရွက်ရန် မျှော်မှန်းချက်မူဝါဒ ရည်မှန်းချက်များနှင့်အတူ လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဉပဒေရဲ့ အခန်း(၅)မှာရှိသည့် ငါးသယံဇာတအရင်းအမြစ်များ ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရေး ငါးမွေးမြူခြင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့်စီမံခန့်ခွဲရေးအရ  GAqPကိုကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ GAqP စနစ်ကိုမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝိုင်းဝန်းဆွေးနွေးပြီး တိုင်းဒေသကြီး […]